Close
Home
Services
Projects
About
Contact
+65 9114 1847
info@cuistar.com
Mon-Fri 10am - 5pm
Free Consultant
Home
Services
Projects
About
Contact
Facebook
Twitter
Instagram
Home
Services
Projects
About
Contact
Facebook
Twitter
Instagram
ကမ္ဘာအနှံ့ရှိ လူငယ်စွန့်ဦးတီတွင်များနှင့် လုပ်ငန်းစုဆိုင်ရာ အတွေ့အကြုံရင့်ကျင့်သူများကို ဝန်ဆောင်မှုပေးခြင်း
ဆက်သွယ်ရန်
ကမ္ဘာအနှံ့ဝန်ဆောင်မှု
အသေးစားစီးပွားရေးလုပ်ငန်းများ အောင်မြင်မှုရရှိအောင် ကူညီပေးနိုင်ရန် ရည်မှန်းချက်ထားလုပ်ဆောင်နေပါသည်။
Our offices in Singapore, Malaysia, Vietnam and Myanmar cater for a wide range of business needs, from single F&B establishments to large-scale land development projects.
လုပ်ငန်းအဖွဲ့
မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်အဖွဲ့ဝင်
E-yen Chew
E-yen Chew သည် စင်္ကာပူ၊ ထိုင်း၊ ဒူဗိုင်းနှင့် သြစတြေးလျနိုင်ငံတို့တွင် စားသောက်ကုန်နှင့် အဖျော်ယာမကာဆိုင်ရာ ဖန်တီးပုံဖော်မှုများတွင် အတွေ့အကြုံများစွာရှိသူတစ်ဦးဖြစ်ပါသည်။ စီမံအုပ်ချုပ်ရေးလုပ်ငန်းများအပြင် E-yen သည် F&B လုပ်ငန်းဆိုင်ရာ စွန့်ဦးတီတွင်မှုနှင့် ပညာရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်အဖွဲ့ဝင်
Lwin Lwin Aung
ခရီးသွားနှင့် ဧည့်ဝတ်ပျူဌာခြင်းဝန်ဆောင်မှုနယ်ပယ်တွင် သူ၏ အတွေ့အကြုံနှင့်ဝန်ဆောင်မှုပေးအပ်ခြင်းဆိုင်ရာ ထူးချွန်ဆုများစွာ လက်ခံရရှိထားသူအဖြစ် သူသည် မြန်မာနိုင်ငံရှိ လုပ်ငန်းများအတွက် သူ၏ ကျွမ်းကျင်မှုကို အကောင်းဆုံးအသုံးပြုနိုင်ဖို့ အခိုင်အမာစိတ်ပိုင်းဖြတ်ထားပါသည်။
စီမံခန့်ခွဲမှု ဒါရိုက်တာ
Edwin Phua
Edwin သည် အောင်မြင်မှုရရှိပြီးသား စီးပွားရေးလုပ်ငန်းများနှင့် စားသောက်ကုန်လုပ်ငန်းကို စွန့်ဦးတီတွင်လုပ်ကိုင်လိုသူ လုပ်ငန်းရှင်အသစ်များအတွက် သူတို့၏လုပ်ငန်းများ နောက်ထပ်အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရရှိစေရန် အကူအညီပေးနိုင်ဖို့ သူ့ဘဝနှင့်အချိန်ကို နှစ်မြှုပ်ထားပါသည်။
အမှုဆောင် ဒါရိုက်တာ
Roger Phua
Roger သည် အာရှတိုက်တွင် ဒေါ်လာသန်းပေါင်းများစွာတန်သည့် လုပ်ငန်းစတင်ခြင်းနှင့် စီမံခန့်ခွဲခြင်း အတွေ့အကြုံဆယ်စုနှစ်တစ်စုစာရှိသော အောင်မြင်သည့်စွန့်ဦးတီတွင် လုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။
စီမံကိန်း ဒါရိုက်တာ
Serene Ng
Serene သည် ကျွန်တော်တို့အား ယုံကြည်သည့် အလုပ်အပ်နှံသူတိုင်းနှင့် အနီးကပ်လက်တွဲ အလုပ်လုပ်နိုင်သူတစ်ဦးဖြစ်ပါသည်။
မန်နေဂျာ
Jadean Yan
သူသည် လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ စီစစ်သုံးသပ်မှုများမှတဆင့် စူးရှသောအမြင်များပေးအပ်နိုင်ခြင်းနှင့် သူတို့၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်ရန် လိုအပ်သော စာရွက်စာတမ်းများအားလုံး ပြင်ဆင်ပေးခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်ပေးပါသည်။
အလုပ်လက်ခံရေး မန်နေဂျာ
Ezra Tee
ကော်ပိုရိတ်နှင့် F&B လုပ်ငန်းအတွေ့အကြုံ နှစ်မျိုးလုံးရှိသော Ezra သည် စင်္ကာပူနိုင်ငံရှိ F&B ကိစ္စရပ်များအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်နေသူ တစ်ဦးဖြစ်ပါသည်။
စီမံကိန်း မန်နေဂျာ
Gilbert Chee
Gilbert သည် အသိအမှတ်ပြုလက်မှတ်ရ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးတစ်ဦးဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပနိုင်ငံများတွင်ပါ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲပေါင်းများစွာကို ကျင်းပပြုလုပ်ခဲ့သူဖြစ်ပါသည်။
စီမံကိန်း မန်နေဂျာ
James Mok
စီးပွားရေးလုပ်ငန်းများကို အကြံပေးခြင်းအတွေ့အကြုံ ၁၆နှစ် ကျော်ရှိသော James သည် F&B ကုမ္ပဏီများ၏ လုပ်ငန်းမဟာဗျူဟာ၊ လုပ်ငန်းလွှဲအပ်လုပ်ကိုင်ခွင့်ပေးမှု၊ လိုင်စင်ရယူခြင်းစနစ်နှင့် နိုင်ငံတကာအဆင့်အတန်းမီရေး ကိစ္စရပ်တို့တွင် အကူအညီများပေးအပ်လျက်ရှိပါသည်။
အကြံပေးအရာရှိချုပ်
Frederick Tan
Frederick သည် စီးပွားရေးလုပ်ငန်းများ ဘက်စုံထောက်ပံ့ရေးအစီအစဉ်နှင့်အတူအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကျွမ်းကျင်မှုအသစ်ရရှိရေးအတွက် အကူအညီပေးနိုင်ရန် Enterprise Singapore က ထုတ်ပေးသည် စင်္ကာပူနိုင်ငံ အသိအမှတ်ပြု လက်မှတ်ရ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးတစ်ဦးဖြစ်ပါသည်။
အကြီးတန်းအကြံပေး
Joseph Chua
Joseph သည် စာသင်ကြားခြင်းအတွေ့အကြုံ ဆယ်စုနှစ်နှစ်စုကျော်ရှိသော ကျွမ်းကျင်သည့် ပညာရေးမှူးတစ်ဦးဖြစ်ပါသည်။ သူ၏ F&B လုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုနှင့် လေ့ကျင့်သင်ကြားပေးနိုင်မှု အတွေ့အကြုံများသည် ကျွန်တော်တို့ လုပ်ငန်းအဖွဲ့အတွက် နောက်ထပ်ဖြည့်စည်းရရှိခဲ့သော အားသာချက်တစ်ခုဖြစ်ပါသည်။
အကြီးတန်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်
William Goh
သူ၏ အတွေ့အကြုံနှင့် ဘောင်ထဲကဖောက်ထွက်စဉ်းစားတတ်သည့် စိတ်အခံကသူ၏ အလုပ်အပ်နှံသူများအတွက် ပြဿနာကို ရှာဖွေဖော်ထုတ်ရာတွင်လည်းကောင်း၊ ဝင်ငွေနှင့် လုပ်ငန်းဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံး လုပ်ဆောင်ချက်ဖြစ်သည့် မှန်ကန်သော ဖြေရှင်းချက်များကို ရွေးချယ်မြှင့်တင်ရာတွင်လည်းကောင်းအထောက်အကူပြုပါသည်။
လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ဝင်
Alex Tan
Alex သည် အလားအလာရှိသော စားသုံးသူတိုင်း၏ လိုအပ်ချက်များနှင့် စိုးရိမ်မှုများကို သဘောပေါက်နားလည်မှုရှိစေရန် သူတို့နှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် စားသုံးသူများအတွက် တန်ဖိုးအမြင့်မားဆုံး ပေးအပ်နိုင်ရေးအပေါ် အဓိကအလေးထား ဆောင်ရွက်သူဖြစ်ပါသည်။
လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ဝင်
Samantha Hong
နက်ရှိုင်းပြီး စူးရှမှုရှိသော ဆန်းစစ်လေ့လာမှုများမှတဆင့် ဟန်ချက်ညီသော စီးပွားရေးနှင့် ဈေးကွက်ဖော်ဆောင်ရေးမဟာဗျူဟာများကို ဖော်ထုတ်နိုင်စွမ်းသည်သူ၏ အားသာချက်ပင်ဖြစ်သည်။
စီမံအုပ်ချုပ်ရေး/အရည်အသွေးစိစစ်ထိန်းသိမ်းရေး
Quoc Anh Hoa
DCA Holding International ၏ စီမံအုပ်ချုပ်ရေးနှင့် အရည်အသွေးစီစစ်ထိန်းသိမ်းရေး မန်နေဂျာအဖြစ် သူသည် အလုပ်အပ်နှံသူများအတွက် ပြောင်မြောက်သော စီမံအုပ်ချုပ်မှု ဖြစ်ထွန်းလာစေရေးကို အထူးပြုဆောင်ရွက်လျက်ရှိပါသည်။
ဗိသုကာပညာရှင်
Yang Shuai
စားသောက်ဆိုင်တိုင်းသည် လူတွေလိုပင် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်အသား သရုပ်လက္ခဏာများရှိပါသည်။ Yang သည် စားသောက်ဆိုင်တိုင်း၏ ဖန်တီးပုံဖော်မှု အယူအဆကို လက်တွေ့ အကောင်အထည်ပေါ်လာအောင် လုပ်ဆောင်ပေးပါသည်။
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မန်နေဂျာ
Cedric Kon
ဆယ်စုနှစ်များစွာ လုပ်ငန်းအတွေ့အကြုံများစွာရှိသော Cedric သည် လုပ်ငန်းဖွံ့ဖြိုးရေးအတွေ့အကြုံ ခိုင်ခိုင်မာမာရှိပြီး မလေးရှားဈေးကွက်ကို ကျွမ်းကျင်နှံ့စပ်သူတစ်ဦးဖြစ်ပါသည်။
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မန်နေဂျာ
Dicky Lee
မိတ်ဖက်ပြုပူးတွဲလုပ်ဆောင်ခြင်းအပေါ် အလေးထားဆောင်ရွက်နိုင်သည့်Dicky သည် အလုပ်အပ်နံှသူအားလုံးအတွက် သူတို့၏ လုပ်ငန်းများအပေါ်ရှင်းလင်းတိကျသော တန်ဖိုးများ ဖော်ဆောင်နိုင်ရေးကို မဟာဗျူဟာကျကျချဉ်းကပ် အဖြေရှာပေးလျက်ရှိပါသည်။
စီမံကိန်းမန်နေဂျာ
Ann Jie
စီမံကိန်းများတွင် ဆောက်လုပ်ရေးနှင့် တပ်ဆင်ရေးအတွေ့အကြုံကျယ်ပြန့်မှုနှင့်အတူ သူသည် စားသုံးသူတိုင်းအတွက် အကြီးကျယ်ဆုံးသော စံနှုန်းများ ပေးအပ်နိုင်ရမည်ဟု အာမခံထားသူဖြစ်သည်။
အထူးစီမံကိန်းအရာရှိ
Eugene Hu
မလေးရှားဈေးကွက်အပေါ် နားလည်မှုနှင့် အတွေ့အကြုံများစွာရှိသော Eugene သည် အလုပ်အပ်နှံသူများအတွက် ၎င်းတို့၏ လိုအပ်ချက်များကို အမြဲဖြည့်စည်းပေးနိုင်ပြီး သူတို့၏ ကိစ္စရပ်များ ထောက်ပံ့ကူညီခြင်းဖြင့် လုပ်ငန်းစဉ်ချောမွေ့ရှိစေရန် အလေးထားဆောင်ရွက်ပေးပါသည်။
Portfolio
Featured Cases
သင်နဲ့အတူတူ တွဲအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်
Address
No - 9 , 6th floor, Nwethargi Street, Ahlone Township, Yangon
Contact
+ 65 9865 5926 ( For Myanmar Language) +65 9114 1847 (For English)
ဆက်သွယ်ရန်
Myanmar
Myanmar
English